Unlimited Photo Storage ( Koreadrama247foryou )

 Unlimited Photo Storage ( Koreadrama247foryou )


Koreadrama247foryou App ကိုအသုံးပြုသူများအတွက်အခမဲ့ဝန်ဆောင်မှုဆိုင်ရာရှင်းလင်းဖော်ပြချက်များ

မူဝါဒဆိုင်ရာများ 

အကြမ်းဖက်မှုဆိုင်ရာများ ရာဇဝတ်မှုများနှင့်ပတ်သက်သောပုံများ sex အသားပေးပုံများကိုမျှဝေခြင်းများ ကိုတားမြစ်ပါသည်။ 

သင့်ပုံများသည် လုံခြုံစိတ်ချရသောနေရာတွင်သိမ်းထားခြင်းဖြစ်ပါသည်။ Google drive ကဲ့သို့ shared folder ထဲတွင်သိမ်းဆည်းထားခြင်းဖြစ်ပြီး အသုံးပြုသူခွင့်ပြုချက်မရှိပဲမည်သူမှကြည့်ရှုနိုင်မည်မဟုတ်ပါ။ မိမိကိုယ်တိုင် share လုပ်မှသာတခြားသူများမြင်ခွင့်ရရှိမည်ဖြစ်ပါသည်။ 

အကန့်အသတ်မဲ့ပုံသိမ်းဆည်းခြင်းတွင် မိမိတစ်ကိုယ်ရည်နှင့်ပတ်သက်သော ပုံများသိမ်းဆည်းခြင်း မျှဝေခြင်းများကိုအထူးဂရုပြုပါ။ အရေးကြီးသောပုံများကို Backup လုပ်ထားပေးဖို့ကိုပါ အကြံပြုလိုပါသည်။ အကန့်အသတ်မဲ့ဝန်ဆောင်မှုသည် App ကိုအသုံးပြုသူများအတွက် အထူးဝန်ဆောင်မှုဖြစ်ပြီး ပုံများကိုသာသိမ်း ဆည်းခွင့်ပြုပါသည်။ ပုံများမဟုတ်သည့် ဖိုင်များ ဗီဒီယိုများ နှင့်တခြား သောအရာများအားသိမ်းဆည်းခြင်းအား တားမြစ်ထားပါသည်။ 

မိမိအနေဖြင့် ဖိုင်များကိုသိမ်းဆည်းလိုပါက အကန့်အသတ်မဲ့ဖိုင်သိမ်းဆည်းခြင်း ဝန်ဆောင်မှုကိုဝယ်ယူနိုင်ပါ သည်။ 

အသုံးပြုသူများအနေဖြင့် မူဝါဒဆိုင်ရာများကိုချိုးဖောက်သည်များတွေ့ရှိပါက ဝန်ဆောင်မှုရုပ်သိမ်းခြင်း များ ပိတ်ပင်ခြင်းများကြုံတွေ့နိုင်ရပါသဖြင့် အထူးလေးစားလိုက်နာပေးဖို့ပန်ကြားလိုပါသည်။ 



ဝန်ဆောင်မှုဆိုင်ရာသဘောတူညီချက်များ

အကန့်အသတ်မဲ့ပုံများသိမ်းဆည်းခြင်းဝန်ဆောင်မှုကိုအသုံးပြုရာတွင် ပုံများကို သိမ်းဆည်းခြင်း နှင့် မျှဝေခြင်း တို့သည် အသုံးပြုသူနှင့်သာသက်ဆိုင်သောအရာဖြစ်ပါသည်။

ဒေတာများပျက်စီးနိုင်ခြင်းနှင့် နည်းပညာဆိုင်ရာပြသနာများကြောင့်ဒေတာများကို၁၀၀ရာခိုင်နှုန်းအာမခံခြင်းများ နှင့် copyright ဖြစ်စေသောအရာများကိုမျှဝေခြင်းကြောင့်ဖြစ်ပေါ်လာမည့်ဒေတာဆုံးရှုံးမှုများကို koreadrama247foryou မှတာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ပါ။ copyright ပုံများနှင့် အရေးကြီးဒေတာ များကို backup လုပ်ထားရန်နှင့် မျှဝေခြင်းမပြုရန် အသိပေးအပ်ပါသည်။ 

ပုံမှန်ပုံများကိုသိမ်းခြင်းဖြင့် ဒေတာများကိုအပျက်အစီးမဖြစ်စေသည့်အတွက် သိမ်းဆည်းခြင်းဖြင့်သာ အသုံးပြု ခြင်းကိုပိုမိုအားပေးပါသည်။ 






Comments