ဟာသပဒေသာ
မောင်ကောင်းထိုက်ရဲ့ဟာသပဒေသာစာအုပ်များမှဟာသအတိုလေးများဖြစ်ပါတယ်
မောင်ကောင်းထိုက်
ထင်ရှားသောသမားတော်ကြီးတစ်ဦးထံသို့ လူတစ်ယောက်ရောက်လာကာ မည်သည့်အရာကိုမှ အာရုံမစူးစိုက်နိုင် မစားနိုင် မသောက်နိုင်ကြောင်း စိတ်ဝင်စားမှုများပျောက်ဆုံးနေပြီး ဆေးများသောက်သော်လည်းမည်သို့မျှမထူးခြားကြောင်းမိမိခံစားနေရသည်များကိုရှင်းပြသည်
လူနာရဲ့ပြောပြချက်များကို သမားတော်ကြီးက ဂရုတစိုက်နားထောင်ပြီးနောက် လိုအပ်သောစမ်းသပ်မှုများကိုပြုလုပ်သည်။ စမ်းသပ်မှုများပြီးစီးသောအခါ သမားတော်ကြီးက ပြောသည် ခင်ဗျား အပြောအတိုင်းပဲ ဘာဆေးစားစားထိရောက်မှုရှိမှာမဟုတ်ဘူး နည်းလမ်းတစ်ခုတော့ရှိတယ် မောင်ကောင်းထိုက်ရဲ့ ဟာသာပဒေသာ စာအုပ်ထဲက ဟာသတိုတွေကို တစ်ကြိမ်မှာတစ်ပုဒ်နှုန်းနဲ့ တစ်နေ့ သုံးကြိမ် မနက်စာ နေ့လည်စာ ညစာမစားမီမှာဖတ်ဖို့ပဲ ဒါပေမဲ့ အခုမောင်ကောင်းထိုက်ရဲ့ စာအုပ်က ရှားပါးစာအုပ်ဖြစ်နေတယ်။ ဘယ်မှာမှဝယ်လို့မရတော့ဘူး။ ဒီတော့ ကျွန်တော့်ဆီမှာရှိတဲ့စာအုပ်ကိုပေးလိုက်မယ်။
လူနာက ကြိုးစားပြုံးကာဆရာဝန်ကိုပြန်ပြောသည်။ ဆရာ့နည်းလမ်းဟာ ကျွန်တော့်အတွက် ဘာမှထူးမှာမဟုတ်ပါဘူးခင်ဗျာ / ဘာဖြစ်လို့လဲ / ကျွန်တော်မောင်ကောင်းထိုက်ပါ.......
ထူးခြားတဲ့သား
သားငယ် ဂျော်နီရှိရာ ကလေးထိန်းဌာနသို့ ဂျော်နီရဲ့အမေ ရောက်လာသည်။ ပထမဆုံးအကြိမ်သားငယ်ကို လာကြိုခြင်းဖြစ်သည်။ ပထမထပ်ကို ကြည့်လိုက်သောအခါ လိမ္မာသောကလေးများ ဟူသည်ဆိုင်ဘုတ်ချိတ်ထားသည်ကိုတွေ့ရသည်။ ဂျော်နီကိုသူရှာသည် မတွေ့ချေ သို့ဖြင့်ဒုတိယထပ်သို့ တက်သည် သာမန်ကလေးများ ဆိုင်းဘုတ်ကိုတွေ့ရသည် ဒုတိယထပ်တွင်လည်းဂျော်နီမရှိချေ။ တတိယအထပ်သို့ထပ်တက်သည် ကလေးဆိုးများ ဟုရေးထားသောဆိုင်းဘုတ်ကိုတွေ့ရသည် ဂျော်နီကိုမတွေ့ပြန်ချေ နောက်ထပ်တစ်ထပ်သို့ထပ်တက်သည် အလွန်ဆိုးသောကလေးများ ဟူသောဆိုင်းဘုတ်ချိတ်ဆွဲထားပြန်သည် ဂျော်နီမရှိသေး နောက်ဆုံးအထပ်သို့ထပ်တက်သည် လှေကားထိပ်တွင် ဂျော်နီ ဆိုသောဆိုင်းဘုတ်ကိုအထင်းသားမြင်တွေ့လိုက်ရသည်။
သံပြိုင်ဆိုအဖွဲ
ပင်စင်စားတစ်ဦးက အခြားပင်စင်စားတစ်ဦးကိုပြောသည် ကျုပ်တို့ရဲ့ သံပြိုင်သီချင်းဆိုတဲ့အဖွဲ့ထဲဝင်ပါလား ကျုပ်တို့ကျားကစားတယ် ဟာသတွေပြောတယ် အရက်စုပေါင်းသောက်ကြတယ် ပျော်စရာကြီး / အဲ့လိုဆိုရင် ခင်ဗျားတို့ဘယ်အချိန်သီချင်းဆိုကြသလဲ၊
အိမ်ပြန်ရောက်တဲ့အခါပေါ့
ဒုက္ခပေးတဲ့ယင်ကောင်
ခြင်နှစ်ကောင်ပျံလာကြသည်။ ရုတ်တရက်တစ်ကောင်အောက်သို့ပြုတ်ကျသည်
ဟေ့ဘာဖြစ်တာလဲ / ယင်တစ်ကောင်မျက်စိထဲဝင်သွားလို့
ရယ်စရာကြီး
စိတ်မနှံ့သူတစ်ဦး သွေးများပေကျံနေသော ပုဆိန်ကိုကိုင်ကာ ဆေးရုံကော်ရစ်ဒါအတိုင်းလမ်းလျှောက်လာသည်။ တာဝန်ကျ ဆရာဝန်မြင်သဖြင့် ၎င်းအားမေးသည်
ဟေ့လူခင်ဗျားဘာတွေမဟုတ်တာလုပ်ခဲ့တာလဲ/ အီဗန်ကို ကျွန်တော်ကျီစားခဲ့တယ် သူအိပ်ရာကနိုးရင် သူ့ခေါင်းကိုရှာတွေ့မှာမဟုတ်ဘူး အိမ်သာထဲမှာကျွန်တော် ဝှက်ထားတယ် ဟီး ဟီး
အလဟသ
သမားတော်ကြီးနှစ်ယောက် စကားပြောနေကြသည်
ကျုပ်ဆီမှာ လူနာတစ်ယောက်ရှိခဲ့ဖူးတယ်။ ကျုပ်ရဲ့ခန့်မှန်းချက်အရ ဒီလူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းကသေရဖို့ရှိတယ်။ ဒါပေမဲ့မသေဘူး အခုထိအသက်ရှင်နေတုန်းပဲ
အဲ့ဒါပြောတာပေါ့ လူနာဟာ တကယ်ပဲအသက်ရှင်လိုစိတ်ပြင်းပြနေရင် ဆေးပညာဟာ အလဟသ ဖြစ်သွားတတ်တယ်။
Comments
Post a Comment